
ငါ့ကိုပြက်ရယ်ပြုဖို့
ငွေ့ရည်ဖွဲ့ခဲ့သလားကွယ်
ရွာချဖို့ နေရာလပ်မရှိ...။
အစကတော့
မိုးရွာရင် ရေချိုးပြန်မလို့ပါပဲ
မိုးကခေါင်နိုင်လွန်းတော့
ငါးတွေပဲ တစ်ထမ်းတစ်ပိုးရခဲ့တယ်...။
ရွာမယ်ဆို သဲလိုက်စမ်းပါ
လွန်းဆွဲရင်း မော့ကြည့်ရတဲ့အဖြစ်က
နှလုံးသားမှာ အသားမာတွေအထင်းသား...။
ဘယ်ဘက်ရင်အုံနား
မိုးခေါင်တာကြာခဲ့ပေါ့
မမကျော့ရေ...
ကျွန်တော့်မှာ ငါးတွေ တစ်ပုံတစ်ပင်နဲ့...။
ရိုးမြင့်အောင်