ထုံးစံအချို့သည်
ခေတ်နှင့်အညီ လိုက်လျောညီထွေခြင်း မရှိသောငှာ
ဝါးမျိုခြင်းခံကြရ၏ ။
ပတ်ဝန်းကျင်ဆိုသည်ကား
တစ်ခါတစ်ရံ၌
ပတ်ပတ်လည်မှ ၀န်းရံကာ ကျင်တတ်ကြလေသည် ။
ဂုဏ်သိက္ခာဟု မကြာခဏရေရွတ်ကြသူများသည်
လမ်းခင်းကျောက်များအပေါ်ဖြတ်သွားသည့်အခါ
ခြေထောက်နှစ်ချောင်းထက်လေးလံသည့်
ကားဘီးလေးခုကို အသုံးပြုကြသည် ။
အမြင့်ဂုဏ်သို့
ငွေစက္ကူခင်း၍ တက်လှမ်းရန်ကြိုးစားသောအခါ
မှော်မုန်တိုင်းပြင်းစွာတိုက်ခတ်၍ မခံနိုင်ကြကုန် ။
ဝိဘဇ္ဇအရေခြုံပြီး
ယောင်တောင်ပေါင်တောင်ဖြစ်နေကြသူအများစုသည်
ဗုဒ္ဓ၀ါဒီများသာဖြစ်သည် ။
မျက်ရည်အချို့သည်
သုတ်ပစ်ရန်အထူးမလိုအပ်လှသောကြောင့်
လှပစွာ စီးဆင်းကုန်ကြသည် ။
တခါတရံ
စာအများကြီးသော်လည်း မဖတ်ပဲ
စကားလုံးအများကြီးသော်လည်း မလိုအပ်ပဲ
လှပသပ်ရပ်စွာ သိမြင်နေမှုသည်
ရင်ဘတ်ထဲမှလာသော စာနာမှုသာဖြစ်သည် ။
ဗသားချော
`၀ိုင်မူးသော ၀ါကျမှတ်စုများ´
Subscribe to:
Post Comments (Atom)
4 Comments:
တခါတရံ
စာအများကြီးသော်လည်း မဖတ်ပဲ
စကားလုံးအများကြီးသော်လည်း မလိုအပ်ပဲ
လှပသပ်ရပ်စွာ သိမြင်နေမှုသည်
ရင်ဘတ်ထဲမှလာသော စာနာမှုသာဖြစ်သည်
မှန်တာပေါ့ညီလေးရာ..စကားလုံးတွေမရှိဘူး..
တချို့လူတွေကို သိအောင်ပြောပြဖို့လည်း ”ခက်တယ်”
မူးတွားဘီ.. ပြန်ပို့ဘေးဘာ... ညီလေး...
အိမ်ကို မဟုတ်ဘူး... မင့်ရင်ဘတ်ထဲကို...
ဂုဏ်သိက္ခာဟု မကြာခဏရေရွတ်ကြသူများသည်
လမ်းခင်းကျောက်များအပေါ်ဖြတ်သွားသည့်အခါ
ခြေထောက်နှစ်ချောင်းထက်လေးလံသည့်
ကားဘီးလေးခုကို အသုံးပြုကြသည် ။
တကယ်မူးသွားပါတယ် .............. စကားလုံးတွေထဲမှာ ကဗျာလေးထဲမှာ
အားး မျက်ရည်စီးတာကို လှပတယ်ဆိုရင်တော့ :(
Post a Comment