အတန်တန်တားထားရက်နဲ့
စည်းပေါက်သွားတဲ့ ငါ့နှလုံးသားကို
ညည်းက
(ညည်းရဲ့) ချစ်ခြင်းတွေနဲ့ အပင်းသွင်းခဲ့တယ်
မထွေးနိုင် မအန်နိုင်
အတိအကျကိုပဲ မဟန်နိုင်ခဲ့ပါဘူး ။
ဟောဒီ မြောက်ဘက်မှာ
လေသရမ်းလေးစွက်လို့
မျက်စောင်းလေးများ ညပ်လာရင်ဖြင့်
အဘရဲ့ ဆေးကြိမ်လုံးကိုလည်း
ငါလုံးလုံးမမှုပေဘူး
စုန်းရှိမှ ရွာတည်လို့ရကြေးဆို
ငါ့ရဲ့ မြောက်ဘက်တောင်ကုန်းကို
ရွာလုံးလုံးပြုလို့ရပြီကွဲ့ ။
အတွေးအမြင် ပြတ်တာနဲ့
ရင်ဘတ်ကိုပြေး ပြေးကပ်လာတဲ့
အို... ပြုစားရက်သူကြီးငဲ့
မငြင်းပါနဲ့ကွယ်
ညည်းက ၀မ်းတွင်းစုန်းပါတဲ့
ညည်းမျက်စောင်း တွေက သက်သေခံနေတယ်လေ ။
ခုလည်း
အပြုစားခံထားရမှန်းသိရက်နဲ့
ညည်းရှေ့များရောက်ရင်
အပင်းသွင်းခံထားရတဲ့ နှလုံးသားကို
ဖုန်လေး စတိသဘောသုတ်
အဟုတ်ကြီးမှတ်နေတုန်းပဲ ။
ဗသားချော
5 Comments:
ဆို့တတ်လိုက်တာဗျာ :)
ကဗျာကောင်းသဗျို့ .....
ဝမ်းတွင်းစုန်း တဲ့လား
ကွန်မန့် မရဘူး ဆိုလို မန့်ကြည့်တာ
ဟုတ်ပါ့မလား...
ကိုင်း..
ဟပ်ချလောင်း ..
အဟေးဟေး ...
စုန်းပြုတာ ခံနေရတာကို .. ကြည့်လုပ်ဦးကိုယ့်ဆရာ
အင်း အဲဒီ စုန်းက အတော်ကြောက်ဖို့ကောင်းတယ် မီးမီးကြောက်ကြောက်...
Post a Comment