ဇေယျာလင်းကပြောတယ်
ကဗျာဆရာ ဆိုတာ သူများထက်စာနာတတ်လို့တဲ့
စာဖတ် မနာပေမယ့်လည်း စာနာခဲ့ပါတယ် ။
တစ်နေ့တစ်နေ့
အလွဲတွေကို အကွက်လိုက်ရွေ့ပေးနေရတာနဲ့
မောတယ်
ရင်ဘတ်ထဲမှာ ချွေးတလုံးလုံးနဲ့ ။
လောလောဆယ် ကကွက်မှာ
ခေတ်အထဆုံး အသုံးက ဟောက်စားပဲ
မလောက်လေး မလောက်စားနဲ့
ဟောက်စားလုပ်တာက အခံရခက်တယ် ။
မတူလို့ ရန်လုပ်ကြေးသာဆို
အဖေတူ ကျုပ်က
အမေတူ အစ်ကို့ ပုဆိုးကို
ကပ်ကျေးနဲ့ ညှပ်ပစ်ရတော့မပေါ့ ။
ကိုယ့်ကိုယ်ကို အချစ်ဆုံး ဆိုတဲ့လူချင်း
ကိုယ့်ကိုယ်ကို မုန်းချင်လာအောင် သင်မပေးပါနဲ့လား
ခြေလှမ်းတိုင်းဟာ တိုင်ပင်
ကိုယ့်စည်းချက်နဲ့ကိုယ် အကွက်ရွေ့တယ်
မလိမ်မိုး မလိမ်မာနဲ့
အကွက်ဆန်းတွေ ထွင်ပြီး
ခြေထိုးမခံချင်စမ်းပါနဲ့
ပြောရတာ တကယ်မောတယ်
ဒီမှာ ကိုယ့်လူ
“ ခင်ဗျား ကျုပ်လောက်သိရင် လူပါသတ်မှာ ” ။
ဗသားချော
မောတယ်
Subscribe to:
Post Comments (Atom)
6 Comments:
ကောင်းပ ...
ကြိုက်တယ်ဗျာ ...
အကို့ပုဆိုးကိုတော့ ရန်သွားမရှာပါနဲ့ကွာ ..
ညီအကိုချင်း ကစ်နေရဦးမယ် ..
ဆြာညိန်း
ပုဆိုးအသစ်ဝယ်ပီး လာပို့ပါမည် :P
မောတယ်ကွာ
အကွက်တွေ သိပ်မရွေ့နဲ့
လူသတ်ချင်လောက်အောင်လဲ မသိနဲ့ဦးဟ
း)
မြန်မြန် ၀ပါစေ :D
မောတယ် ဆရာရေ... :)
ကဗျာရဲ့ အသံလေးကို ခိုက်တယ်ဗျာ။
အင်း ခြေထိုးခံရတာ နာတယ်နော့် :D :)
အသာလုပ်ပါမောင်...
လူတော့ မသတ်ပါရစေနဲ့...း)
Post a Comment