24Oct2009
24
Oct
2009
နာရီများ
နာရီများ (၁)
လူတွေကို ကကြိုးဆင် မောင်းနှင်သွား
စက်ရုံတွေကြား စာသင်ခန်းတွေကြား
လူသွားလမ်းလေးကြား၊ အဝေးပြေးလမ်းမများကြား
ရုန်းရင်းဆန်ခပ် လူတွေကို ကြိုးတပ်မောင်းနှင်သွား။
နာရီများ (၂)
နှိုးစက်လေးပေးပြီး အိပ်စက်ရတဲ့ညများ
ကိုယ့်စိတ်က ကိုယ့်ဦးနှောက်ကို မနိုင်သမျှ
ဟောဒီ... ကျွန်တော့်လက်ကိုင် ဖုန်းလေးပေါ်မှာ
တာဝန်တွေ စုပုံပစ်ချလိုက်တော့တယ်...။
နာရီများ (၃)
မြို့လယ်မှာ တခမ်းတနား
ဘူတာရုံ ကားဂိတ်တွေမှာ တခမ်းတနား
ရွာဦးကျောင်းမှာ ဆန်းဆန်းပြားပြား
ကျွန်တော့်လက်မှာ မခမ်းမနား။
နာရီများ (၄)
နာနာကျင်ကျင်နဲ့ ရယ်(ရီ) မောနေခဲ့အောင်
လက်ဆောင်အဖြစ် ပေးခဲ့သလားကွယ်
ဟောဒီလူ ရင်ဘတ်တစ်ခုလုံး
သံယောဇဉ်နယ်ပယ်မှာ အတုန်းအရုန်းကျဆုံးလို့...။
နာရီများ (၅)
နာရီများက အော်ဟစ်အမိန့်ပေးကြသည်...
လူသတ္တဝါများ မွေးဖွားစေ
ပျိုစေ....
အိုစေ...
နာစေ...
သေဆုံး ပျောက်ကွယ်စေ...
နာရီများ၏ အာဏာစက်အောက်တွင် လူများဝပ်တွားကြလေသည်။
ရိုးမြင့်အောင်
05Oct2009
05
Oct
2009
အစွန်းအထင်း
>>> Click Here <<<
စိတ်အချဉ်ပေါက်တဲ့နေ့က
ကိုယ့်စိတ်ကို အဝတ်လျှော်စက်ထဲ
ထည့်ထည့်လျှော် ။
ကဗျာများ စီးဆင်းအားကြောင့်
ကမ္ဘာကြီးဟာ
တောင်နဲ့မြောက် တိုးလျှိုပေါက်သွား။
အလကားသက်သက်
ကုလားအုပ်တွေ နောက်ပြန်လျှောက်သင်ခဲ့တယ်
အဲဒီကတည်းက စာတတ်သွားခဲ့ပြီ။
ပုံမှန်လည်ပတ်ဖို့အရေး
ကိုယ့်စိတ်ကို သံပတ်ပေးနေရတာနဲ့
အချိန်တွေ ပစ်ထုတ်လိုက်ရတယ်။
ဘဝမှာ အင်ဂျူရီတိုင်းပါရင် သိပ်ကောင်းမယ်
မန်ယူလို အချိန်ပိုမှာ ဂိုးမိုးရွာဖို့ပေါ့။
ရိုးမြင့်အောင်
Subscribe to:
Posts (Atom)