နာရီများ
နာရီများ (၁)
လူတွေကို ကကြိုးဆင် မောင်းနှင်သွား
စက်ရုံတွေကြား စာသင်ခန်းတွေကြား
လူသွားလမ်းလေးကြား၊ အဝေးပြေးလမ်းမများကြား
ရုန်းရင်းဆန်ခပ် လူတွေကို ကြိုးတပ်မောင်းနှင်သွား။
နာရီများ (၂)
နှိုးစက်လေးပေးပြီး အိပ်စက်ရတဲ့ညများ
ကိုယ့်စိတ်က ကိုယ့်ဦးနှောက်ကို မနိုင်သမျှ
ဟောဒီ... ကျွန်တော့်လက်ကိုင် ဖုန်းလေးပေါ်မှာ
တာဝန်တွေ စုပုံပစ်ချလိုက်တော့တယ်...။
နာရီများ (၃)
မြို့လယ်မှာ တခမ်းတနား
ဘူတာရုံ ကားဂိတ်တွေမှာ တခမ်းတနား
ရွာဦးကျောင်းမှာ ဆန်းဆန်းပြားပြား
ကျွန်တော့်လက်မှာ မခမ်းမနား။
နာရီများ (၄)
နာနာကျင်ကျင်နဲ့ ရယ်(ရီ) မောနေခဲ့အောင်
လက်ဆောင်အဖြစ် ပေးခဲ့သလားကွယ်
ဟောဒီလူ ရင်ဘတ်တစ်ခုလုံး
သံယောဇဉ်နယ်ပယ်မှာ အတုန်းအရုန်းကျဆုံးလို့...။
နာရီများ (၅)
နာရီများက အော်ဟစ်အမိန့်ပေးကြသည်...
လူသတ္တဝါများ မွေးဖွားစေ
ပျိုစေ....
အိုစေ...
နာစေ...
သေဆုံး ပျောက်ကွယ်စေ...
နာရီများ၏ အာဏာစက်အောက်တွင် လူများဝပ်တွားကြလေသည်။
ရိုးမြင့်အောင်
Subscribe to:
Post Comments (Atom)
2 Comments:
နာနာကျင်ကျင်နဲ့ ရယ်(ရီ) မောနေခဲ့အောင်
လက်ဆောင်အဖြစ် ပေးခဲ့သလားကွယ်
ဟောဒီလူ ရင်ဘတ်တစ်ခုလုံး
သံယောဇဉ်နယ်ပယ်မှာ အတုန်းအရုန်းကျဆုံးလို့...
အမျိုးမျိုးအဖုံဖုံဆိုတဲ့ ဇာတ်ခုံပေါ်မှာ အကိုတို့အားလုံး ကြုံသလိုကခုန်နေကြရတာမဟုတ်လား ညီလေးရေ
တနေရာရာစီမှာကျဆုံးနေရတာပါပဲလေ...
နာရီတွေရဲ့ ကြီးကျယ်ခမ်းနားခြင်းတွေအောက်မှာ နေ့လျှောက်ရ ညလျှောက်ရနဲ့ပေါ့ ညီလေးရေ..
ကဗျာလေးကိုဖတ်ပြီး အတွေးတွေပွားသွားခဲ့တယ်
နာရီကြည့်ပြီး ဖတ်သွားတယ်ဗျ ...
အစ ကနေ အပြီး အထိ
၂ မိနစ်နဲ့ ၃၈ စက္ကန့် ကြာတယ် ...
အဲ ဆက်စပ်ပြီး တွေးတောလိုက်ဦးမယ် ..
ဘယ်လောက်ကြာမယ် မပြောနိုင်သေးဘူး :)
ကောင်းသောနေ့ပါဗျာ ...။။
Post a Comment