ကျွန်တော် အောက်ပါစာမေးပွဲကို ဖြေဆိုနေပါတယ်
“ .... ” ရေ ရင်ခုန်သံကိုခံစားကြည့်ပါ
ဒုက္ခအရသာ ချိုမြတယ်
ဘ၀ကို ချစ်တတ်လာပါလိမ့်မယ် ။
(ဂန္ထ၀င်မမ-အောင်ချိမ့်)
“ .... ” ဟာ
ကိုယ့်အတွက်သီးသန့်
သုံးရာသီနတ်သမီးလေးပေါ့ကွယ် ။
(သုံးရာသီမင်းသမီး - ထွန်းဝေမြင့်)
“ .... ” ကို
ကျေးဇူးတင်ပါတယ် ။
(ကျေးဇူးစာရင်း-သစ်ငြိမ်း)
ကိုယ့်အသည်းကို အာထရာဆောင်းရိုက်ကြည့်တော့
ပန်းပွင့်လေးနာမည်က “ .... ” တဲ့ ။
(ညီမလေးမမမြင့် - မောင်ချောနွယ်)
ဒီလိုပါပဲ (ကိုယ့်ဘာသာစကားနဲ့ကိုယ် ရွတ်ကြည့်တာ)
ကိုယ့်မရှိတော့လည်း ပြတိုက်ထဲပဲဝင် ၀င်ကြည့်ရတာ
တကယ်ပြချင်တာက ဟောဒီဘယ်ဘက်က ရောဂါ
ရင်ဘတ်ထဲမှာ အမြစ်တွယ်နေတာလေးကိုပါ ။ ။
ဗသားချော
14Feb11
1 Comments:
အဖြေက ? " ...... " မှတ်တယ်
း)
Post a Comment