လွယ်အိတ်ဟောင်းလေး

Image Link

၁၉၉၉ ခုနှစ်
ဇွန်လထဲမှာပေါ့…
အမေ့ရဲ့ စတုတ္ထမြောက် သား
ကျွန်တော့် ရဲ့ စတုတ္ထမြောက် အစ်ကိုလေး ၀ယ်ပေးခဲ့ တယ် ။
ခေတ်နဲ့ တော့ လိုက်လျောညီထွေမှု အဖြစ်ခဲ့ ဆုံးလို့
အဲဒီတုန်းက ထင်ခဲ့ တယ်…
ဖြစ်လည်းဖြစ်ခဲ့ ပါတယ် အဲဒီလွယ်အိတ်လေးပေါ့
လွယ်အိတ်ထဲမှာ…
အနှုတ်နှစ်တစ်ချို့ ရဲ့ ဖြူ စင်မှု့ရှိတယ် ၊
၂၀၀၈ ခုနှစ်ရဲ့ ဆရာဝန် တစ်ယောက်ရှိတယ်
၂၀၀၈ ခုနှစ်ရဲ့ စစ်သားတစ်ယောက် ရှိတယ်
၂၀၀၈ ခုနှစ်ရဲ့ အင်ဂျင်နီယာ တစ်ယောက်ရှိတယ်
အပေါင်းနှစ်တွေရဲ့ မျှော်လင့်ချက်ရှိတယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်ကို မွေးဖွားခဲ့တယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်က သေဆုံးခဲ့တယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်တို့ မွေးဖွားခဲ့တယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်တို့ သေဆုံးခဲ့တယ်
အဲဒီလွယ်အိတ်ထဲမှာ……
မြေပေါ်ရောက် ငါးခုံးမတစ်ကောင်လို နှလုံးသားရှိခဲ့ တယ်
ကြွေကျလာတဲ့ ပန်းသီးကို ငုံ့ကြည့်မိတဲ့ နယူတန်လို စိတ်ကူးရှိခဲ့ တယ်
ပေါင်သန်းတော်တော်များများနဲ့ နာမည်ကြီးကလပ်ကို ပြောင်းချင်တဲ့
ကစားသမားတစ်ယောက်ရဲ့ စိတ်ခံစားမှုရှိခဲ့တယ်
တက်မပါ ရွက်မပါ ဆိပ်ကမ်းမသာတဲ့ လှေကလေးတစ်စင်းရှိခဲ့တယ်
လိပ်စာ ကဒ်ပြားပျောက်နေတဲ့ လမ်းညွှန်ဆိုင်းဘုတ် အကျိုး တစ်ခုအောက်က
ခပ် ဝေးဝေး သက်ပြင်းတစ်ချို့ ရှိခဲ့တယ်
.......
.......
.......

အခုတော့ လည်းအဲဒီလွယ်အိတ်လေး
ဟောင်းနွမ်းလို့ အရောင်မပြယ့်တပြယ်နဲ့
အိပ်ခန်းထဲက သံချိတ်မှာ ခပ်တွဲတွဲ မှီလို့……
ဒါပေမယ့် …… သူက
ရှိခဲ့တဲ့ အရောင်နဲ့ ရှိနေတုန်းပဲ …ခပ်တွဲတွဲလေးပေါ့

ဗသားချော

4 Comments:

အိုင်လွယ်ပန် said...

ရှိခဲ့တဲ့အရောင်နဲ့ရှိနေတုန်းပဲ ...

ခပ်တွဲတွဲလေးပေါ့ဗျာ ...

ညိမ်းညို said...

ကျနော်လက်ကမြင်းပြီး ဖြုတ်ကြည့်လိုက်တယ်
စူးခနဲ လက်ခနဲပါပဲဗျာ ကဗျာတွေထွက်ကျလာတာ မြင်လိုက်ရလို့
ထပ်တင်ပေးပါဦး လွယ်အိတ်အဟောင်းလေးထဲ ဥ,မထားနဲ့လေဗျာ အဟဲဟဲ :D

Anonymous said...

နားမလည်ပါဘူး

Apprenticeship said...

အင်း အဲဒီလွယ်အိတ်မျိုးငါ့ဆီမှာလဲရှိတယ်.. ငါတော့ဆက်လွယ်နေတုံးပဲ ဘယ်တော့ ခရီးရောက်မလဲ မသိသေးပါဘူး :(

 
©2009 က+ဗျာ+လှည်း | by TNB