မိုးကုပ်စက်ဝိုင်းစွန်းနှင့် အလားသဏ္ဍာန် တူသော
ကျွန်တော့်ရဲ့ အိပ်မက်များ
ယနေ့ထက်တိုင် မွေးပျံ့ နေရခြင်းမှာ
မိုးနတ်သမီးရဲ့ သနားမျှမှုသာ ဖြစ်ပါတယ် ။
မြေနိမ့်ရာသီဖွား တစ်ယောက်အတွက်
အထက်ပါ အိပ်မက် နေ့တာရှည်နေခြင်းဟာ
အတိတ်တစ်ရာသီရဲ့ အလင်းအခက် တစ်ခုကြောင့်လို့
တွေးတောမိပစ်ဖို့တောင်
ကျွန်တော့်မှာ မ၀ံ့မရဲ နိုင်လွန်းလှပါတယ် ။
စံပယ်ပွင့်ရိုင်း ကိုမှ မြတ်နိုးပန်ဆင်ဝံ့သူ
မိုးနတ်သမီး အတွက်
အခါမလပ် စိမ်းမြစိုမှောင်နေတဲ့
စံပယ်ရုံကလေးရဲ့ ရနံ့ဟာ
အထက်ကောင်းကင်ဆီကိုပဲ
ရှေးရှုမွှေးမြနေပါတယ် ။
ပြောင်းညံ့တဲ့ အခုအခံရှိသော
အကဲဆတ်တဲ့ အနာတရများရှိသော
မနိုင်မနင်း အိပ်မက်များရှိသော
တခါတရံမှာ
မိုးနတ်သမီးအတွက်
သံသရာ မကြောက်တတ်သော
စံပယ်ပင်ရိုင်းကလေးဟာ ကျွန်တော်ပါ ။
သစ်ပင်ပန်းမန် တို့ရဲ့ မှီတည်ရာ
မြေကြီးနှင့် မြေဆီများ ခမ်းခြောက်သွားလျှင်သော် လည်းကောင်း
ကမ္ဘာမြေ ယခုထက် စိမ်းလန်းလာလျှင်သော် လည်းကောင်း
ကြယ်တာရာများ ပိုမိုတောက်ပလာလျှင်သော် လည်းကောင်း
ကျွန်တော် မမကို အလိုရှိနေပါတယ် ။
အထူးသဖြင့်
ဒီကနေ့အထိ ခေါက်ရိုးမကျသေးတဲ့
သူ့ နှုတ်ခမ်းသားတစ်စုံကြောင့်ပေါ့ ။ ။
ဗသားချော
21June2011