အရိုးစူးတဲ့ ည




















ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုးခံလိုက်ရတဲ့အဖြစ်
စုတ်တသပ်သပ်နဲ့
ကိုယ့်နံကြားကို ပြန်စမ်းမိရဲ့
သွေးစိမ်းချင်းချင်းနီလို့...။

ရောလို့ပေါမယ်ဆိုရင်
ဝီစကီထဲလည်း ရေခဲမရောနဲ့
အာသီသရှိတဲ့အချိန် LONDON တစ်လိပ်ဖွာပါ
မူးရင်မပြောနဲ့ ပြောရင်လည်း မမူးနဲ့
ဟိုတိုက် ဒီတိုက်ဆိုတော်သေး
တခြားလူရင်ဘတ်သွားမတိုက်မိဖို့လိုတယ်
“နေပါဦး... ပြန်တော့မလို့လား
စကားပြောမှားရင် Sorry ဗျာ...
အိမ်ရောက်ရင် မယားဗြောတီး ခံရဦးမယ်”
စိတ်ရှိလက်ရှိ တစ်ခွက်ကောင်းကောင်းမော့
စိတ်လွတ်လက်လွတ်ပြောချလိုက်တယ်
“ကျွန်တော် ပြန်ပြီဗျာ”...။

လက်ပြနှုတ်ဆက်ပြီး
ထပ်မံ လက်ပြနှုတ်ဆက်ပြီး
ကိုယ့်အရှိန်နဲ့ ကိုယ်လိမ့်ထွက်ခဲ့ကြ
နောက်ထပ် မဆုံဖြစ်တော့တဲ့
သူငယ်ချင်းတွေ...။ ။


ရိုးမြင့်အောင်

1 Comments:

Anonymous said...

ဟေ့လူတွေ။ အရမ်းမိုက်တယ်။ ဆက်မောင်း။ ရသတွေ တစ်ကမ္ဘာလုံးထောင်းထောင်းထသွားအောင်။

 
©2009 က+ဗျာ+လှည်း | by TNB