ငပိန်တစ်ကောင်ရဲ့ ကောက်ကြောင်း


ငါဟာ
ငပိန်တစ်ကောင်ပါ
နို့ပေမယ့်
မင့်တစ်ဘ၀စာလုံးကို
ခါးမညွှတ်ပဲ ထမ်းထားနိုင်ပါရဲ့ ။

ဟောဒီ ရင်ဘတ်
ချိုးရင်အုပ်သာသာလေးမှာ
မင့်တစ်ဘ၀စာ
လွတ်လပ်မြူးတူးနိုင်ပါရဲ့ ။

လူ့ဖလံလေးပါ
လက်သီးလက်မောင်းတန်း
သူတို့တွေးကြတဲ့ထုံးစံကို
ခပ်ကြမ်းကြမ်း ရိုက်ချိုးပစ်နိုင်ရဲ့ ။

အလကားရတိုင်း ထွေးတဲ့တံတွေး
ဆေးဘက်ဝင်အောင်
ငါစွမ်းဆောင်ပြပါ့မယ်
မင့်ပတ်ဝန်းကျင်ရေ ။

ဟောဒီလောကကြီးထဲ
ထုံးစံ ဆိုတာကြီးမပါပဲ
ငါကလေ
ကဗျာ တစ်ပုဒ် ရေးပြလိုက်မယ်
မင့်ကို ပခုံးပေါ်တင်ရင်းပေါ့ ။ ။

ဗသားချော

4 Comments:

Anonymous said...

ကျနော်လည်း ငပိန်ဆိုတော့ ဒီကဗျာလေးက တိုက်တိုက်ဆိုင်ဆိုင် တူတာတွေ များနေတယ်း)

ကျေးဇူးပါ ဒါနဲ့ မတွေ့တာကြာပြီဆိုတော့ကျနော့်ကိုအရင်ထဲကသိတယ်လားဗျ ။

Unknown said...

ဝ အောင်နေပုံနေနည်းကိုတော့ ကိုရိုးမြင့်အောင်နားက သင်မထားဘူးလား
ကိုဗသားချောရယ် :)
ကျွန်တော်တော့ပြေးပြီ နံရိုးတွေ ကိုင်းကန်ထွက်မလာခင် :)
ကောင်းသောနေ့ဗျာ ကဗျာတွေ လာလာဖတ်ဖြစ်တယ် ကြိုက်တယ် :)

လင်းဒီပ said...

ကောင်းတယ်ဗျ..။
“အလကားရတိုင်း ထွေးတဲ့တံတွေး
ဆေးဘက်ဝင်အောင်
ငါစွမ်းဆောင်ပြပါ့မယ်
မင့်ပတ်ဝန်းကျင်ရေ ။”

နောက်လည်း လာခဲ့မယ်..။

Apprenticeship said...

အလားလားလားးး ကဗျာဆရာ ကြွေလောက်တယ်

 
©2009 က+ဗျာ+လှည်း | by TNB