ဖြစ်မှဖြစ်ရလေ




















ဖြစ်မှဖြစ်ရလေ
မုန့်ဟင်းခါးချင်း အတူတူ
မြောင်းမြဒေါ်ချိုကမှ ပိုကောင်းသတဲ့ ။

ဖြစ်မှဖြစ်ရလေ
တောင်ကျောင်းကဘုန်းကြီးမှ တို့ဘုန်းကြီး
ဘုန်း ပိုကြီးသတဲ့ ။

ဖြစ်မှဖြစ်ရလေ
အကြံတူရင်တူ
အကြံမတူတော့လည်း ရန်သူဆိုပါ့လား ။

ဖြစ်မှဖြစ်ရလေ
နည်းနည်းလောက်မှ ဟ မပေးရဲဘူး
ချက်ကောင်းကို အလစ်တွယ်မယ် ဆိုတာချည်းပဲ ။

ဖြစ်မှဖြစ်ရလေ
မွေးတုန်းကတော့ ကလေး
နောက်တော့ သိပ်ကြီးချင်လွန်းလှချည့် ။

ပျင်းလိုက်ပုံများ ပြောပါတယ်
အားအားရှိ
ခေတ်ကိုချည်း ထိုင်မှီနေတော့
အမှီခံရလွန်းလို့ ယိုင်နေတဲ့လေသံနဲ့
ခေတ်ကပြောတယ်
ဖြစ်မှဖြစ်ရလေ တဲ့ ။

ယောင်တောင်ပေါင်တောင်နဲ့
နားတွေ သူများဆီမှာချည်း ကပ်နေကြ
နားထောင်ကြပါ
ကိုယ့်နားနဲ့ကိုယ်
ကိုယ့်အသံကိုယ်ပြန်ကြားဖို့
သြော်...
ဖြစ်မှဖြစ်ရလေ.... ။ ။

ဗသားချော

6 Comments:

ကဗျာဦး said...

ယောင်တောင်ပေါင်တောင်နဲ့
နားတွေ သူများဆီမှာချည်း ကပ်နေကြ
နားထောင်ကြပါ
ကိုယ့်နားနဲ့ကိုယ်
ကိုယ့်အသံကိုယ်ပြန်ကြားဖို့
သြော်...
ဖြစ်မှဖြစ်ရလေ.... ။ ။

ပထမဆုံး လာလည်ပါတယ်ရှင်
ကဗျာတွေကောင်းတယ်
လင့်ထားပါရစေ

Unknown said...

ဖြစ်မှဖြစ်ရလေ ကိုယ်ဗသားချောရေ ဖြစ်မှဖြစ်ရလေ :)
ကောင်းသောနေ့ပါ :)

Unknown said...

ဖြိုးငယ် said...

အော် .. ကိုယ့်လူရေ .. ဖြစ်မှဖြစ်ရလေဗျာ

ATN said...

လူတွေ လူတွေ ဖြစ်မှဖြစ်ရလေဗျာ...း)

Apprenticeship said...

ဖြစ်မှဖြစ်ရလေ... နာတတ်တဲ့လူသားတွေချင်း အတူတူ သူကျမှ ပိုနာကြည်းသလေ့လေ.. :D လိုက်ယောင်ကြည့်တာ :P

 
©2009 က+ဗျာ+လှည်း | by TNB