ကမ်းပါး

ရှေ့က….
အသစ် အသစ်တွေရော
စီးပြီး ၊ စီးလို့ ၊ စီးဖို့………..
ကြည်လိုက် ၊ နောက်လိုက် ၊ အေးလိုက် ၊ ပူလိုက် ၊
ကွေ့ကောက် ရှုပ်ထွေး ၊ အမြှုပ်ထလိုထ
မစို့မပို့လေးနဲ့ပဲ
ငါ့ကို
နောက်ဆုံးတော့ …
တို က် ..စား …သွား …..ကြ …….ေ ရာ ။ ။

ဗသားချော
(၂၀၀၇)

3 Comments:

ဆောင်းယွန်းလ said...

တိုက်စားခဲ့ပြီးပြီ တိုက်စားနေကြဆဲ တိုက်စားကြလိမ့်ဦးမှာပေါ့
ဒီလိုနဲ့ ငါကအတိုက်စားခံဖြစ်ခဲ့ရ အတိုက်စားခံဖြစ်နေရင်း အတိုက်စားခံဖြစ်ရပေလိမ့်ဦးမှာ...
ကဗျာလေးကိုကြိုက်တယ်ညီလေးရေ

ဖြိုးငယ် said...

ဒီကဗျာလေး မဆိုးဘူးဗျ ကိုယ့်လူရေ ..
ပြေပြေပြစ်ပြစ်လေးဗျ

Apprenticeship said...

အင်းကွားးး အဲဒီလှိုင်းတွေ :(

 
©2009 က+ဗျာ+လှည်း | by TNB