လေဆိပ်ကို လိုက်မပို့ဘူး

























တစ်ယောက် တစ်လှမ်းစီလှမ်းခဲ့ကြရင်း

( ကိုယ့် စည်းချက်နဲ့ကိုယ် )

လမ်းခုလတ်မှာ ရင်ဘတ်ချင်းတိုက်မိခဲ့ကြတယ် ။


အဆောင်ရှေ့မှာ သီချင်းအတူ ထိုင်မဆိုဘူးခဲ့ဘူး

လ္ဘက်ရည်ဆိုင် အတူ မထိုင်ဘူးခဲ့ဘူး

တိုက်မိတဲ့နေရာလေး လှတယ်

ငါတို့တွေ တတ်သလောက်သီးပြီး နိုင်သလောက် ပွင့်ခဲ့ကြတယ် ။

လ္ဘက်ရည်ဆိုင် အတူထိုင်ဖူးမှ သူငယ်ချင်းမဟုတ်ဘူး

ရင်ဘတ်ချင်း နှီးနွယ်ဖို့က အရင်းပါ ။

ငါတို့ ပျော်ဝင်ခဲ့ကြတဲ့ အဲဒီ အရောင်ထဲ

ညတွေက တစ်သည်းသည်း လင်းလို့ ။


ဒီအကွေ့မှာ မင်းက ဟိုတက်နဲ့လှော် လို့

ဒီဇာတ်ကွက်မှာ မင်းကတစ်ခန်းရပ်တယ်

မင်း ဆိုချင်တဲ့ သီချင်း

ဒီ အခင်းအကျင်းထဲ လင်းမြဲ ပြက်မြဲ ဆိုတာ

မင်း အတွက်တော့ မင်းသောက်နေကျ Mild Seven တစ်ဖွာတည်းပါ ။


လေထဲပျံမယ့်ငှက်ထဲ

မင်းက တက်ကြီး တစ်ဆွဲဆွဲနဲ့

မမြဲဘူး ဆိုပေမယ့် ငါကလည်း မရဲဘူး သူငယ်ချင်း ။


ဟောဒီမှာ
လေတွေတိုက်နေသရွေ့ တော့
ခင်ဗျားတို့နဲ့ ကျွန်တော့်ရဲ့
အနံ့ အသက်တွေကို
ရှုရှိုက်နေရဦးမှာပါ ...။ ။ (မျှားပြာ)


စည်းချက်မှန်တဲ့ ဘင်အကျမှာ

ငါတို့ ခြေလှမ်းတွေ ညီကြဦးမှာပါ

ခပ်တင်းတင်း ဆုပ်မိတဲ့ လက်နှစ်ဘက်

ရုတ်တရက်ကြီး ဆွဲမဖြုတ်ပါနဲ့ သူငယ်ချင်း

ဟောဒီရင်ဘတ်ထဲ မိုးသည်းခဲ့ပါတယ်

ငါ့မှာ ယောကျာ်းကြီးတန်မဲ့ပေါ့ ။


ငါ့ရင်ဘတ်ထဲ အရောင်တစ်ခုလွတ်ကျ

နောက်… ငါ့ကို လေဆိပ်မခေါ်နဲ့ သူငယ်ချင်း ။


ဗသားချော

(၁၃.၈.၀၈)


မှတ်ချက် ။ ၁၃.၈.၀၈ နေ့ညက မြန်မာပြည်ကို ပြန်သွားတဲ့ ကျွန်တော့်သူငယ်ချင်း မျှားပြာ ၊ ငတေ ၊ကြက်ဖ ၊ ဖားကြီး တို့အတွက်ရေးမိတာပါ ။ လွမ်းလုင်က သဘောကျတယ်ဆိုပြီး သူ့ဘလော့မှာ (ကျွန်တော်က ကျွန်တော့် နာမည် မသုံးပါနဲ့လို့ ပြောလို့ ) သူငယ်ချင်းတစ်ဦး ဆိုပြီး တင်ခဲ့ပါတယ် ။ တစ်ချို့ဖတ်ဖူးမှာပါ ။ အခုလည်း တိုက်ဆိုက်မှု တစ်စုံတစ်ရာကြောင့် အတိတ်တစ်ခုနဲ့ အတူပြန်တူးဆွမိတာပါ ။

5 Comments:

အိုင်လွယ်ပန် said...

ကိုမျှားပြာကြီးကိုတောင် သတိရမိသွားတယ်ဗျာ ...
ကဗျာလေးကောင်းတယ် ....

Apprenticeship said...

အင်း ဖတ်ဖူးတယ်။ လိုက်မပို့ဘူး တစ်သက်လုံး နုတ်မဆက်ကြေး :P

Anonymous said...

လ္ဘက်ရည်ဆိုင် အတူထိုင်ဖူးမှ သူငယ်ချင်းမဟုတ်ဘူး

ဒီအကွေ့မှာ မင်းက ဟိုတက်နဲ့လှော် လို့

ဒီဇာတ်ကွက်မှာ မင်းကတစ်ခန်းရပ်တယ်

ထိမိတဲ့ စကားလုံး ကျစ်လစ်တဲ့ အရေးအသား တကယ်ချီးကျူးမိပါတယ်

လွမ်းသုရင် said...

ဒီကဗျာလေးကို အရင်က ဖတ်ဖူးတယ်။ ခုလည်း ပြန်ဖတ်တယ်။ အစ်မလည်း လေယာဉ်ကွင်းကို မလိုက်ချင်ဘူးး(

ဖြိုးငယ် said...

အခုလို အချိန်ဆို ပြန်ပြန်လည်လာတယ်ကွာ ...

 
©2009 က+ဗျာ+လှည်း | by TNB