လက်ဆောင်

photo link

လက်ဆောင်

ကျုပ်က အတ္တကြီးတတ်တာလည်း
ညည်းအသိ ....
ထီး အနီရောင် တစ်လက်
မိုးခွင့် မရှိသေးတော့လည်း
မပေးနိုင်သေးဘူး
သနပ်ခါးရေကျဲ
ကောက်ကြောင်းဆွဲပြီး
လေထဲလွင့်မယ့် ရနံ့တွေအတွက်
ရင်ဘတ်က ခွင့်မပြုပြန်ဘူး ။

ဆက်သွယ်မှု ဧရိယာပြင်ပက အသံ
ကြားနိုင်ဖို့ ဟန်ကလွဲပြီး
အဆံမရှိတဲ့ ကျုပ်မှာတော့
သင်္ကြန်အမြောက်ပေါ့
စာတစ်တန် ပေတစ်တန်နဲ့
အလွမ်းဘွဲ့တွေရေး
ရင်ဘတ်ကို နွှေးနေရတုန်း ။

လှပ်လှပ်လေးပါးနေတဲ့ ဖ၀ါး
နင်းသွားမယ့်လမ်းမှာ
ညည်းကမ်းတဲ့လက်နဲ့
အသက်ဆက်နေရတယ် ။

စိတ်သွားတိုင်း ကိုယ်မပါ
ပါးစပ်ကပါပြီး လက်ကမပါနိုင်သေး တဲ့ ကျုပ်မတော့
ကျေးဇူး ဥပကာရ နဲ့
စကားလုံးတွေ ဖိသိပ်
ဟောဒီ ရင်ဘတ် တံဆိပ် ခတ်နှိပ်လိုက်ပါတယ် ။


ဗသားချော



5 Comments:

ဆောင်းယွန်းလ said...

ရင်ဘတ်တံဆိပ်ခတ်နှိပ်ပေးလိုက်တဲ့ ”လက်ဆောင်”

ကောင်းပါ့ညီလေးရာ

”သနပ်ခါးရေကျဲ
ကောက်ကြောင်းဆွဲပြီး
လေထဲလွင့်မယ့် ရနံ့တွေအတွက်
ရင်ဘတ်က ခွင့်မပြုပြန်ဘူး” ဆိုတဲ့အသုံးလေးက ကောင်းလိုက်တာ

mgngal said...

လှပ်လှပ်လေးပါးနေတဲ့ ဖ၀ါး
နင်းသွားမယ့်လမ်းမှာ
ညည်းကမ်းတဲ့လက်နဲ့
အသက်ဆက်နေရတယ် ။

ဟတ်ကိုထိရောပဲ ။ ကဗျာ ခံစားသွားပါတယ် ။

Unknown said...

လှလိုက်တဲ့ကဗျာလေး...ဘာတဲ့..

လှပ်လှပ်လေးပါးနေတဲ့ ဖ၀ါး
နင်းသွားမယ့်လမ်းမှာ
ညည်းကမ်းတဲ့လက်နဲ့
အသက်ဆက်နေရတယ် ။

စိတ်သွားတိုင်း ကိုယ်မပါ
ပါးစပ်ကပါပြီး လက်ကမပါနိုင်သေး တဲ့ ကျုပ်မတော့
ကျေးဇူး ဥပကာရ နဲ့
စကားလုံးတွေ ဖိသိပ်
ဟောဒီ ရင်ဘတ် တံဆိပ် ခတ်နှိပ်လိုက်ပါတယ် ။

အကိုရေ...ခံစားသွားတယ်ဗျာ...။

ဖြိုးငယ် said...

လှပ်လှပ်လေးပါးနေတဲ့ ဖ၀ါး
နင်းသွားမယ့်လမ်းမှာ
ညည်းကမ်းတဲ့လက်နဲ့
အသက်ဆက်နေရတယ် ...
အင်းပေါ့ .. ဖြစ်နိုင်ပါတယ် ...

Apprenticeship said...

ရင်ဘတ်တစ်ခုလုံး တံဆိပ်ခတ်နှိပ်လိုက်မှတော့ မဟေသီလေး နောက်ထပ်လက်ဆောင်လိုတော့မယ် မထင်ဘူး။ :P

 
©2009 က+ဗျာ+လှည်း | by TNB