အစွန်းအထင်း


>>> Click Here <<<


စိတ်အချဉ်ပေါက်တဲ့နေ့က
ကိုယ့်စိတ်ကို အဝတ်လျှော်စက်ထဲ
ထည့်ထည့်လျှော် ။

ကဗျာများ စီးဆင်းအားကြောင့်
ကမ္ဘာကြီးဟာ
တောင်နဲ့မြောက် တိုးလျှိုပေါက်သွား။

အလကားသက်သက်
ကုလားအုပ်တွေ နောက်ပြန်လျှောက်သင်ခဲ့တယ်
အဲဒီကတည်းက စာတတ်သွားခဲ့ပြီ။

ပုံမှန်လည်ပတ်ဖို့အရေး
ကိုယ့်စိတ်ကို သံပတ်ပေးနေရတာနဲ့
အချိန်တွေ ပစ်ထုတ်လိုက်ရတယ်။

ဘဝမှာ အင်ဂျူရီတိုင်းပါရင် သိပ်ကောင်းမယ်
မန်ယူလို အချိန်ပိုမှာ ဂိုးမိုးရွာဖို့ပေါ့။


ရိုးမြင့်အောင်

6 Comments:

ဖြိုးငယ် said...

မန်ယူလို အချိန်ပိုမှာ ဂိုးမိုးရွာရင်တော်သေးတယ် ....
ဂိုးသွင်းခံရရင်တော့ မလွယ်ဘူးဟေ့ ....

စိုင်းလောဝ်ပိန်း said...

ဘ၀မှာ အင်ဂျူရီတိုင်းမလိုချင်ဘူး
ကဗျာနဲ့ လောကဓံကို ပြန်အမ်းမယ်
ဒီလိုပဲ အစွန်းအထင်းဖျောက်ဆေး
ကိုယ့်ဘာသာ ဖော်ဆပ်ခဲ့တယ်။

-----
ကဗျာလေးဖတ်သွားတယ် ကိုရိုးမြင့်အောင်ရေ...
အားပေးလျှက်

ဆောင်းယွန်းလ said...

ပုံမှန်လည်ပတ်ဖို့အရေး
ကိုယ့်စိတ်ကို သံပတ်ပေးနေရတာနဲ့
အချိန်တွေ ပစ်ထုတ်လိုက်ရတယ်။

စကားလုံးတွေကြိုက်တယ်ညီလေးရာ...ကောင်းတယ်
ဒီနေ့နေဝင်ရကျိုးနပ်သွားလောက်ပြီဟေ့

Unknown said...

ဖန်တူချင်းပေါ့အစ်ကိုရာ...အားပေးသွားတယ်...စိတ်အစွန်းထင်းတွေက..အ၀တ်လျှော်စက်နဲ့တော့ရမယ်မထင်ဘူးနော...ကဲ..ဘာနဲ့လျှော်ကြမလဲ..ဗျာတို့..။

Anonymous said...

ပုံမှန်လည်ပတ်ဖို့အရေး
ကိုယ့်စိတ်ကို သံပတ်ပေးနေရတာနဲ့
အချိန်တွေ ပစ်ထုတ်လိုက်ရတယ်။

အင်ဂျုရီတိုင်းတော့ ထပ်မယူပါရစေနဲ့ဗျာ
ကောင်းလိုက်တဲ့ အတွေးကဗျာလေးပါပဲ

အိုင်လွယ်ပန် said...

ကဗျာ မိုက်တယ် ...
ကိုလွမ်းရေ ...
ချပါဦးဗျ ..နောက်ထပ် ..နောက်ထပ်တွေ ..

 
©2009 က+ဗျာ+လှည်း | by TNB