`မေးခွန်းရဲ့မေးခွန်း ´




လူတစ်ယောက်ဟာ ဘ၀မှာ အကောင်းဆုံးဆိုတာကို တစ်ကြိမ်ပဲရသတဲ့
ဝိဘဇ္ဇ၀ါဒီ
မေမေ
ကဗျာ
နင် .... တဲ့
နင် ဆင်ခြင်စမ်းပါ ။

မြင့်မြတ်သူတို့ရဲ့ အသက်ဟာ
သစ္စာတရားနဲ့ ပျိုးယူရတာဖြစ်တယ်
ဒါကို
နှလုံးသားနဲ့ Print ထုတ်ပီး တစ်နေ့သုံးခါ ရင်ဘတ်နဲ့ ရွတ်ပါ
ဒါဟာ
ရူးသွပ်မှုသက်သက် မဟုတ်ကြောင်း
ကိုယ့်ကိုယ်ကို သက်သေပြပါ ။

ငါ နင့်ကိုပေးခဲ့တာ ခုနှစ်ရောင်စဉ်ပါ
ဒါပေမယ့်
နင်မြင်ရတာက အလင်းတစ်ခုတည်းသက်သက်
အရာဝတ္ထုတစ်ခု ရှိနေကြောင်းကို သက်သေပြဖို့
အလင်းလိုအပ်ပေမယ့်
အလင်းရှိနေကြောင်း ကိုရော
ငါ နင့်အပေါ်သက်ဝင်နေကြောင်း ကိုရော
နောက်ထပ်အလင်းတစ်ခု မလိုအပ်ပါဘူး ။

ပုတီးမစိပ်ပါနဲ့
တရားမှတ်ပါ

ဗေဒင်မမေးပါနဲ့
ကံကံ၏ အကျိုးကိုယုံကြည်ပါ

အသက်ရှည်အောင် (အတင်း) မကြိုးစားပါနဲ့ (ပင်ပန်းပါတယ်)
စိတ်ရှည်အောင် ကြိုးစားပါ

သူများစကားကို မယုံပါနဲ့
ကိုယ့်ကိုယ်ကို ယုံပါ

မေတ္တာတရားကို ယုံပါ
သစ္စာတရားကို ယုံပါ
သတ္တ၀ါတွေအပေါ် မေတ္တာထားပါ
အထူးသဖြင့် ငါ့အပေါ်
ပြီးတော့
ကဗျာဖတ်ပြီးရင်
ငါ့ကို နမ်း ပါ ။ ။

ဗသားချော

4 Comments:

အိုင်လွယ်ပန် said...

ခင်ဗျာ ..
ကဗျာဖတ်ပြီးရင် နမ်းရမယ် ...
မလုပ်ပါနဲ့ ဆရာသမားရယ် :)

ကဗျာဖတ်ရတာ ဝမ်းသာတယ်ဗျာ ..
မျှော်နေတယ်ဗျို့ ...
ကောင်းသောနေ့ပါဗျ :)

ဆောင်းယွန်းလ said...

ကဗျာဆရာလူလည်ပါလား...
တရားချသလိုလို နားချသလိုလိုနဲ့ နောက်ဆုံးမှ ပါးနမ်းခိုင်းလိုက်တဲ့ကဗျာပါလား ညီလေးရ...

Unknown said...

ကဗျာလှည်းလေးကိုလင့်ထားခွင့်ပြုပါရှင်

သက်ထွန်းညိမ်း said...

ဟိုက်ရှားပါး
ကဗျာဖတ်ပြီးမှ နမ်းရမှာလားဗျ
မဖတ်ခင်လည်း နမ်းခိုင်းပေါ့ အဟတ်ဟတ်
ကိုဗသားချောရေ အဆင်ပြေပါစေဗျာ

 
©2009 က+ဗျာ+လှည်း | by TNB