ရက်သတ္တပတ် မိုးလေ၀သ အခြေအနေ
















Image Link

ကံကြမ္မာ အရောင် မွဲမွဲ
ရာသီဥတု အလွမ်းဘက် ပါပါ
စိတ်လိုလက်ရ မရှိသောနေ့စွဲများ
တံခါး တစ်ချပ်ဆိုရင်တောင် ညဘက်တွေပဲ အပိုင်စားရချင်ပါတယ်
စိတ်ကူးနဲ့ ငေး/မြင်ယောင်
စိတ်ကူးနဲ့ တွေး/ပြောမဆုံးပေါင်
စိတ်ကူးနဲ့ မျှော်/ပြန်လည်ဆုံဆည်း
စိတ်ကူးနဲ့ မှန်း/အတူတကွ တွေ့ဆုံ
စိတ်ကူးနဲ့ တမ်းတ/လောဘတကြီးဆုတောင်း
စိတ်ကူးနဲ့ လွမ်း/ ရနံ့များပြန်လည် ခံစားသက်ဝင်
မထိန်းချုပ်နိုင်သော စိတ်ကူးများ လွန်ဆွဲ စစ်ဖြစ်ကြ
အလကားပဲတင်းရသော ပူပင်သောကများ ဒေသအကွာအဝေးပေါ်မူတည်ပြီး ဈေးနှုန်းမြင့်တက်
တိကျသေချာမှု မရှိသော အမြင်အကြားများ၏ သက်သေထွက်ဆိုချက်များ
ယောင်တောင်ပေါင်တောင် အလုပ်ရှုပ်နေသူ၏ ယောင်တောင်ပေါင်တောင် အတွေးများ
ထိန်းချုပ်မှု ကင်းမဲ့နေသော စား ၀တ် နေမှု စက်ဝန်းများ
မုန်တိုင်းအဖျားသာ ခံရသော်လည်း ထိုဒေသများတွင် မိုးသည်းထန်စွာရွာ သွန်းသည်

မှတ်ချက်
....... တဆတ်ဆတ် ခုန်ပေါက်နေသည့်ကြားမှ ကြိုးစားပမ်းစား ဖမ်းဆုပ်လိုက်ခြင်း ။ ။

ဗသားချော
၂၇/၁၀/၁၀

 
©2009 က+ဗျာ+လှည်း | by TNB