ပန်း ပွင့် နေ့ရက်များ















Photo Link

စိတ်ကူးလား အတွေးလား မျှော်လင့်ချက်လား
ချစ်ရောင်ခြည် လင်းခဲ့သော နေ့စွဲများ
အနှေးမှ အမြန် ဖြစ်ပျက်ပြောင်းလဲနေသော
ကံစီမံရာ အရောင်အသွေးများ
မျက်လုံးများဖြင့် ဆွံ့အနေခဲ့သော
နားလည်မှု စိတ်မီးပုံးပျံများ
ကျောက်ဖယားမြစ်ပြင်ပေါ်မှ
အိပ်မက်ဆန်သော ပြကွက်များနှင့်
စီးဆင်းနေသော မေတ္တာ တရား အလုံးအရင်း များ
အဲဒီည က ဆေးပေါင်းခပါတယ်
ကျွန်တော် တို့မှာ ဒဏ်ရာတွေ အဝေးသို့လွင့်စင်
ကြယ်ထောင့်ကွေး လောကအကန့်အသတ်လေးထဲ
ပျော်ဝင်ခဲ့ရသော ပန်း ပွင့် နေ့ရက်များ ။ ။

ဗသားချော
21.11.10

1 Comments:

ခင်မာလာအောင်(so cool ) said...

အိပ်မက်ဆန်သော ပြကွက်များနှင့်
စီးဆင်းနေသော မေတ္တာ တရား အလုံးအရင်း များ
အဲဒီည က ဆေးပေါင်းခပါတယ်

ကြိုက်တယ် အကိုရာ

 
©2009 က+ဗျာ+လှည်း | by TNB