ကျွန်တော်စိုက်သော ပန်းကလေး


ကမ္ဘာဦး တေးတစ်ပုဒ်ကို သီဆိုတဲ့အခါ

သံစဉ်တွေ မလိုအပ်ပါ

အကြောင်းအကျိုး တစ်စုံတစ်ရာကြောင့်

နားဝင်ပီယံ မဖြစ်မှုအတွက် ကျွန်တော်အားနာပါတယ်

တစ်ချို့ပန်းတွေရဲ့ အရောင် အနံ့ အဆင်းဟာ

အဓိပ္ပါယ်ဖော်ရ ခက်ခဲပါတယ် မမရေ

ကျွန်တော့်ရဲ့ မထွန်းကားနိုင်သေးတဲ့ ပိုင်နက်ထဲမှာ

လောက်လောက်လားလား ယဉ်ကျေးမှုဆိုလို့

မမကို ချစ်တာပဲ ရှိပါတယ်

အဓိပ္ပါယ်ဖော်ရခက်တဲ့ ပန်းတစ်ပွင့် ကျွန်တော်စိုက်ပျိုးခဲ့ပါတယ်

အဲဒီပန်းကလေးဟာ ကျွန်တော့်အတ္တပါ

အဲဒီအတ္တဟာ မမပါ

ဒီကနေ့ လက်ဆောင် ရရှိလာတဲ့ ၀ိုင်နှစ်ခွက်ဟာ

ပန်းကလေးရဲ့ ရနံ့နဲ့ သင်းပျံ့ထုံရီနေပါတယ် ။ ။

ဗသားချော

21/Mar/11

1 Comments:

တင့်ထူးရွှေ said...

လှလိုက်တဲ့ ပန်းကလေး ။

 
©2009 က+ဗျာ+လှည်း | by TNB