“ပန်းစည်း”




ယဉ်ကျေးမှု မြင့်လာတာလား
ယဉ်ကျေးမှု မြှင့်လာတာလား တော့မသိဘူး ။

သူတို့ မြင့်မြတ်ချင်ကြတဲ့ စိတ်အစဉ်မှာ
ငါ့ကို ကြားဝင်စေခဲ့တယ် ။

ရင်ဘတ်ချင်းအတွေ့မှာ
ငါ့ကို ခဏမေ့တယ် ။

ဒီလိုနဲ့ပဲ
ငါ့မှာတော့
အသွေးစုံ ဖဲကြိုးတွေ ပလတ်စတစ်အိတ်တွေနဲ့ ပေါင်းသင်း
တန်ဖိုးတွေ တရစ်ပြီးတရစ် တက်လို့နေတော့တယ် ။

ဗသားချော

2 Comments:

ညိမ်းညို said...

အဟီး ပန်းစည်းဇာတ်လမ်းက ကိုးရီးကားတွေကနေ ကူးလာတာလားမသိဘူးကွ
ဈေးကြီးတာတော့ အမှန်ပဲနော
ကျောင်းဖွင့်လို့ ဆရာမလက်ဆောင်ပေးရင်တောင် ဆန်တအိတ်ဖိုးလောက်တော့ အသာလေးချောတယ်ကွ :P

အိုင်လွယ်ပန် said...

ဘာတဲ့ ...
ပန်းစီးတဲ့ ....

အတွေးလေးလွှတ်ကောင်းဗျာ ....

 
©2009 က+ဗျာ+လှည်း | by TNB