ခန္ဓာတစ်ခုစီးပြီး ခရီးနှင်ကြမယ်


အခန်းဟာ တိတ်ဆိတ်လာတယ်
တိတ်ဆိတ်တယ်ဆိုတာထက်
ပျော်ရွှင်စိုးရွံ့စွာနဲ့ ငြိမ်သက်လို့
အသက်ရှုသံအချို့
ကြားလာတယ်
နောက်... စူးစူးဝါးဝါးအော်ငိုသံ...။

ဝင်ကစွပ်ကောင်တွေလို
ခန္ဓာတစ်ခုစီးပြီး စိတ်တစ်ခုခရီးနှင်ကြမယ်
ဘယ်လဲ... ဘယ်ကိုလဲ
ကျွန်တော်လား... ဟို... အဲ... ဒီနေရာဗျာ...
ခင်ဗျားရော...

အခန်းဟာတိတ်ဆိတ်သွားတယ်
ဝမ်းနည်းကြေကွဲခြင်းတွေနဲ့တိတ်ဆိတ်သွားတယ်
ရှိုက်သံအချို့
ကြားမိသလို
နောက်... စူးစူးဝါးဝါးအော်ငိုချလိုက်တယ်...။

ရိုးမြင့်အောင်

5 Comments:

Banyarshein said...

ဝင်ကစွပ်ကောင်တွေလို
ခန္ဓာတစ်ခုစီးပြီး စိတ်တစ်ခုခရီးနှင်ကြမယ်
ဘယ်လဲ... ဘယ်ကိုလဲ
ကျွန်တော်လား... ဟို... အဲ... ဒီနေရာဗျာ...
ခင်ဗျားရော...
.......
တစ်မျိုးလေးပဲ ကဗျာကဖတ်ရတာ ကယောက်ကယက်နဲ့ စွဲဆောင်သွားတယ် စိတ်ကို ကောင်းလိုက်တဲ့ေ၇းချက်ပါပဲ

သက်ထွန်းညိမ်း said...

စကားလုံးသစ်တွေ ဖွေရှာထားတာ
ခမ်းနားဆန်းပြားလွန်းတယ်ဗျ

ဆောင်းယွန်းလ said...

ကဗျာလေးကို ကိုယ့်အတွေးနဲ့ကိုယ်ဖတ်ပြီး သဘောကျမိတယ်ညီရေ့

နှင်းပွင့်ဖြူလေး said...

ရိုးမြင့်အောင် .. ရိုးမြင့်အောင်...... ရိုးမြင့်အောင် :)
ဒီကဗျာကို ဘယ်မှာနားကြားဖူးတာပါလိမ့်

Apprenticeship said...

အင်း ငါငိုနေဆဲရုံပါကောင်းမလေးရေ.. လို့ပဲဆိုလိုက်ချင်တော့တယ်.. ငိုဖို့မျက်ရည်တွေ ခန်းသွားရင် ကဗျာဆရာတွေ ဘယ်လိုဆက်ငိုလဲ ဟင်... ခြောက်သွေ့သွားတဲ့မျက်ရည်မိုးတွေ အေးခဲတဲ့ရာသီဥတု ဒဏ်ကြောင့် ရေခဲပြင်တွေ ဖြစ်သွားတာထက်တော့ သက်သာမှာပါ

 
©2009 က+ဗျာ+လှည်း | by TNB