ကြယ်တွေကြွေခဲ့တယ်























အဲဒီနေ့က ကြယ်တွေကြွေခဲ့တယ်
တိတိကျကျကိုကြွေကျခဲ့ပါတယ်
လင်းလင်းထင်ထင် နေ့လည်ခင်းတစ်ခုအောက်မှာပဲ
မိုးရေတွေထဲကို ကြွေကျခဲ့တာ
မိုးကပြိုတာလား ၊ တိမ်တွေက ငိုတာလားတော့ မသိဘူး
အလင်းချင်းထပ်နေပါရက်နဲ့
ရင်ဘတ်ကနေမြင်ခဲ့တယ် ။

မဖြစ်လောက်ပါဘူးကွာ ဆိုတာတွေအတွက်
ထိုးကျွေးလိုက်ရတာတွေက
ဟုတ်ရောဟုတ်ရဲ့လားကွာ လို့
မေးယူလိုက်ရတာတွေချည်း များလာတယ် ။
အထူးသတိမပြုပါနဲ့
တစ်ချက်လောက်ပဲ ငဲ့ကြည့်ပါ
လူတစ်ယောက်ရဲ့ မဖြစ်စလောက်ဆိုတာတွေ ချည်းကပဲ
လူတစ်ယောက်ဟာ လူတစ်ယောက်ကို အားဖြစ်စေခဲ့ပါတယ် ။

အဲဒီကာလက
အချိန်
အာရုံဝင်စားမှု
အပင်ပန်းခံ နာကျင်မှု
ဘယ်တော့မှပြန်မရနိုင်တာတွေအတွက်
နံရံကို ခပ်ပြင်းပြင်း တစ်ချက်ထိုးခဲ့တယ်
တောက် ... !
အခုထက်ထိနာနေတုန်းပဲ
အရိုးထဲက တဆစ်ဆစ်နဲ့ ... ။ ။

ဗသားချော

4 Comments:

အိုင်လွယ်ပန် said...

ကြယ်တွေကြွေခဲ့တယ် ........

Anonymous said...

လူတစ်ယောက်ရဲ့ မဖြစ်စလောက်ဆိုတာတွေ ချည်းကပဲ
လူတစ်ယောက်ဟာ လူတစ်ယောက်ကို အားဖြစ်စေခဲ့ပါတယ် ။

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ ဗသားချောရေ . . .

အယ် လက်နာသွားတာကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ဖြစ်ရတာပဲလေ ဟဲဟဲ . . .
ခင်မင်စွာဖြင့်
ဗညားရှိန်

Apple of Koyin Nyein's EyEs said...

ရင်ဘတ်ကနေမြင်ခဲ့တယ်လား...

ကြယ်ကြွေလေးတွေကောက်သွားပါတယ်.

Apprenticeship said...

နာကျင်မှုတွေ မှတ်တမ်းမတင်ကြေး :P ခွင့်လွှတ်လိုက်ပါ ဗညားသားရာ :D

 
©2009 က+ဗျာ+လှည်း | by TNB