ရန်ကုန်


ရန်ကုန်
မီးပုံမှန်မလာလို့
မီးအလင်းများ ခန်းပြတ်နေလေရဲ့
နောက်တော့ ... အမှောင်
အလင်းပုံမှန်မလာလို့
အလင်းများ ခန်းပြတ်နေလေပြန်ရော ။

အရောင်သုံးလို့ ရုပ်လုံးကြွတယ်
အရောင်အတုသုံးလို့
အမှောင်အထူဆုံးမှာ
ရုပ်လုံးကြွခဲ့ပါပကော ။

လူတွေလည်း အလုအယက် ဒင်းကြမ်းပြည့်
ကားတွေလည်း အလုအယက် ဒင်းကြမ်းပြည့်
မီးကျိုးမောင်းပျက်သေနတ်လို
ပစ်ခတ်ချင်ပါလျက်နဲ့
ရန်ကုန်မဆန်နေတဲ့ ရန်ကုန်ဟာ
ရန်ကုန်ပီသစွာနဲ့ပဲ ရန်ကုန်ဖြစ်နေခဲ့ရပြီ ။ ။

ဗသားချော

3 Comments:

ATN said...

ရန်ကုန်... ရန်ကုန်...
ရင်ခုန်ရတာပဲ အဖတ်တင်တယ်...

ဖြိုးငယ် said...

ရန်ကုန် .. ရန်ကုန် ..
ရန်ကုန်မှာပျော်နေလားဟေ့

အိုင်လွယ်ပန် said...

ကဗျာဖတ်ရတာ ဝမ်းသာတယ်ဗျာ ....

 
©2009 က+ဗျာ+လှည်း | by TNB