ရေစကြို


ကားလှည်းစွတ်ကြောင်း
နှစ်လမ်းသွား လမ်းဆွယ်ထိပ်
ထနောင်း ဆူးတွေကြားမှာ
ဖိနပ်မစီးပဲ လျှောက်တယ်

ကိုကြီးကျော်နဲ့ သားစိုးလည်း အဆင်ပြေ
တမာတောမှာလည်း ပျော်တယ်
အဆင်မပြေတာတွေလည်း အဆင်မပြေသေးတာပေါ့
ကား ရထားများ လာတိုင်း
ထွန်တုံးရပ်ပြီး ကြည့်နေတုန်း
အိပ်မက်တွေဟာ
သူမ အတွက် ပိုပြီး အိပ်မက်ဆန်နေတုန်းပဲ

သူ့ရာသီနဲ့သူ စောစောစီးစီး အရူးရင့်ရတယ်
ဥတုသုံးပါးလုံး သနပ်ခါးလိမ်းထား
လောလောဆယ်တော့ သူက ညိုချော

ထန်းလက် ယပ်တောင် တဖျပ်ဖျပ်ခတ်
ရ - ရေစကြို
ပူသယ်ဗျို ... ။ ။
(ဒီနေရာမှာ တမင် ဒေသအသံနဲ့ သယ် (တယ်) လို့ ရေးထားတာပါ )

ဗသားချော

3 Comments:

စိုင်းလောဝ်ပိန်း said...

မရောက်ဖူးပေမယ့် ခံစားသွားတယ်ဗျို့။

Unknown said...

ကိုကြီးကျော်နဲ့ သားစိုးလည်း အဆင်ပြေ
တမာတောမှာလည်း ပျော်တယ်
အဆင်မပြေတာတွေလည်း အဆင်မပြေသေးတာပေါ့
ကား ရထားများ လာတိုင်း
ထွန်တုံးရပ်ပြီး ကြည့်နေတုန်း
အိပ်မက်တွေဟာ
သူမ အတွက် ပိုပြီး အိပ်မက်ဆန်နေတုန်းပဲ

သဘောကျတယ်...အဖွဲ့လေးကို...
မြင်တက်ပါပေ့ ကိုကြီးရယ်...။

Apprenticeship said...

သူမအတွက် အိပ်မက်တွေ အကောင်အထည်ဖော်ပေးနိုင်ပါစေ.... :)

 
©2009 က+ဗျာ+လှည်း | by TNB