ဘုရားသခင်မရှိတဲ့နေရာ


ဘုရားသခင်မရှိတဲ့နေရာ

စစ်တုရင် ကစားသလို
နယ်ရုပ်များ ....
ပထမတန်း (သို့ ) ရှေ့တန်း
လောဘတွေ ခတ်တဲ့ပွဲမှာ
မြေဇာလက်
မြေဇာခြေ
မြေဇာအသက်
ပေါချက်ကတော့
လက်နဲ့သဲ့ယူယုံနဲ့ ပါလာလိုက်တာများ
နာမည်တွေ ဖောခြင်းသောခြင်း

အသွားမတော် တစ်လှမ်းလို့
တစ်ဖွဖွ ရွတ်
ဘုန်းကြီးတစ်ပိုင်း
ရွတ်ဖတ်သရဇ္ဇယ်
အာဝေနိကဒုက္ခပါပဲ

ပေးစာတစ်စောင်
ပေးစာအားလုံး ရေးနေကြတာ
“ စတာလင်ဂရက်မှာတော့ ဘုရားသခင်မရှိဘူး ဖေဖေ ” *
ဘယ်နှစ်ကြိမ်မှန်းမသိနိုင်တော့တဲ့
ငိုပွဲကြားက ပြောလိုက်ပါတယ်
ဟောဒီ စစ်တုရင်ခုံပေါ်မှာလည်း ............ ။

ဗသားချော

* Letters from Stalingrad (ဘာသာပြန်ဆိုသူ) ဘသန်း (ဓမ္မိက)

4 Comments:

ဆောင်းယွန်းလ said...

ကဗျာလေးကိုကြိုက်တယ်ညီလေးရေ..
စစ်ပွဲများ စစ်တုရင်ခုံနဲ့
ဘုရားသခင်မရှိတဲ့နေရာ.........
ကိုယ်တို့ ဘယ်နေရာမှာ ခိုလှုံခွင့်ရနိုင်မလဲ မသိသေးဘူး
ရှင်သန်တုန်းခဏမှာပြောပါတယ်

Unknown said...

ကဗျာလေးကိုတော့ တကယ်ခိုက်သွားပြီအကိုရေ...
စစ်တုရင်ခုံပေါ်မှာ ဘာတွေကြုံရဦးမလဲနော်...။

MICHAEL said...

Hi look at this!

Is a Real 3D Chess
www.ajedrez3d.com

Khin said...

ကဗျာကို ကြိုက်လို့ share သွားပါ၏ ။
ကျေးဇူးတင်ပါ၏ ။

 
©2009 က+ဗျာ+လှည်း | by TNB