ရိုးသားစွာ ... ကြွေဆင်း


ဘယ်ကိုလဲကွယ်
လာလိမ့်နိုးနဲ့
လျှောက်ခဲ့တဲ့ လမ်းမကြီးကို ငေးလို့
ကားတွေက ဝီခေါ်အောင် မောင်းသွားတဲ့အခါ
နှလုံးသားဟာ ကတ္တရာ လမ်းမနဲ့အတူ ပြားကပ်ကျန်ခဲ့တယ်။

ဘယ်လိုလဲကွယ်
မေးလိမ့်နိုးနဲ့
တစ်နေ့ကို အခါတစ်ရာ ထိုင်ဖြေခဲ့တဲ့ ခုံတန်းလျားလေးဘေးမှာ
အတွဲတွေ အလျှိုလျှို ဝင်ထိုင်သွားအခါ
ခုံတန်းနဲ့အတူ လူတစ်ယောက် အထီးကျန်လှတယ်။

ဘယ်မှာလဲကွယ်
ခေါ်လိမ့်နိုးနဲ့
အသဲကွဲသီချင်းသံကို လျှော့ချလိုက်မိတယ်
မင်းအသံလေး မကြားရတဲ့အခိုက်မှာ
တပ်တပ်မက်မက် လွမ်းဆွတ်ရတယ်ကွယ်။

ဘယ်ကိုလဲ မသိပါ
ဘယ်လိုလဲ မသိပါ
ဘယ်မှာလဲ မသိပါ
ချစ်သူရေ...
ဟောဒီ ချစ်ခြင်းဥယျာဉ်ထဲမှာ
ငါက ဒဏ်ရာဟောင်းတွေကို တူးဆွကောင်းနေတုန်း။

အသဲကွဲသမားဟာ အပြစ်ကင်းတယ်
အဆွေးသမားဟာ အပြစ်ကင်းတယ်
လွမ်းတယ်ဆိုတာ အချစ်သူအပေါ် အရိုးသားဆုံး ကြွေဆင်းမှုဖြစ်တယ်

သို့...
ဧကရီရေ...
ခပ်ရဲရဲလေး ကြွေဆင်းပါရစေကွယ်...။

ရိုးမြင့်အောင်

8 Comments:

Anonymous said...

ဘယ်ကိုလဲ မသိပါ
ဘယ်လိုလဲ မသိပါ
ဘယ်မှာလဲ မသိပါ
ချစ်သူရေ...
ဟောဒီ ချစ်ခြင်းဥယျာဉ်ထဲမှာ
ငါက ဒဏ်ရာဟောင်းတွေကို တူးဆွကောင်းနေတုန်း။

အသဲကွဲသမားဟာ အပြစ်ကင်းတယ်
အဆွေးသမားဟာ အပြစ်ကင်းတယ်
လွမ်းတယ်ဆိုတာ အချစ်သူအပေါ် အရိုးသားဆုံး ကြွေဆင်းမှုဖြစ်တယ်

ရိုးမြင့်ရေ ငါအခု ဖြစ်နေတာနဲ့ တထပ်တည်းကွာ ထိရှလိုက်တာ ငါ့ရင်ဘတ်ကြီး တစ်ခုလုံး ဒီကဗျာထဲ နစ်ဝင်သွားပြီးဟ

ဆောင်းယွန်းလ said...

သို့...
ဧကရီရေ...
ခပ်ရဲရဲလေး ကြွေဆင်းပါရစေကွယ်...။
ခပ်ရဲရဲသာ ကြွေဆင်းပစ်လိုက် ညီလေးရေ...

အိုင်လွယ်ပန် said...

လွမ်းနေရလည်း
အရိုးသားဆုံး
ခပ်ရဲရဲပေါ့ဗျာ ..။

စိုင်းလောဝ်ပိန်း said...

ရင်တခွင်လုံး နူးညံ့သွားတာပဲဗျာ။
လွမ်းတယ်ဆိုတဲ့ အရိုးသားဆုံး ကြွေဆင်းမှုလေးကို လာဖတ်သွားတယ်ဗျို့

စိုင်းလောဝ်ပိန်း said...

သက်ထွန်းညိမ်း said...

အဟတ်ဟတ်
လွမ်းတယ်ဆိုတာ ချစ်သူအပေါ် အရိုးသားဆုံး
ကြွေဆင်းမှု ဖြစ်တယ်း)
လှတယ်ကွာ

မီးမီးဂျူး ( မေခင် ) said...

ကောင်းလိုက်တဲ့ကဗျာလေး

Unknown said...

နူးညံ့လွန်း..လှပလွန်းတယ်...
လွမ်းတယ်ဆိုတာ..
ချစ်သူအပေါ်
အရိုးသားဆုံး..ကြွေဆင်းမှုဖြစ်တယ်...
အကိုရေ...ရင်ထဲထိတယ်...
အရမ်းကြိုက်တယ်ဗျာ...။

 
©2009 က+ဗျာ+လှည်း | by TNB