သွားသွားလာလာ တွန်းတွန်းတိုက်တိုက်


Image link

သွားသွားလာလာ တွန်းတွန်းတိုက်တိုက်


ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့တဲ့
ရှေးစကားရှိခဲ့တယ် ၊ နဂို ရှိမှ နကိုင်းထွက်မယ် ဆိုတယ်
ခုခေတ်မှာ နဂိုရှိဖို့ထက် ပိုက်ဆံရှိရင် နကိုင်း ရှိတာပဲ ၊
ပိုက်ဆံမရှိတော့ လောကကြီးကထင်ထားတာထက် ကျယ်တယ် ၊
ပြောပြောဆိုဆို စပါယ်ယာက ကားခတောင်းတယ် ၊ အကြွေလေးပေးပါ တဲ့
အကြွေဆိုတာ ခြင်္သေ့ တွေကိုခေါ်တယ် ဆိုပဲ ၊ နိစ္စဒူဝ တောထဲဝင် ၊
ခြင်္သေ့ဖမ်းတာဟာ အလုပ်မဟုတ်တော့ဘူး ၊ ပျားယီးပျာယာ တောထဲတိုး
စပါယ်ယာလို ခြင်္သေ့ဖမ်းနေစရာ မလိုဘူး ၊ ကျုံးရှိရမယ် ၊
ဒရိုင်ဘာလို မိန့်မိန့်လေးထိုင် ၊ ဂီယာထိုး ၊ လီဗာနင်း ၊ ဘရိတ်ကိုလိုသလိုသုံး
လက်ကိုင်ခွေကိုထိန်း ၊ ကျုံးသွင်းတတ်ရင် ဆင်လာမယ် ၊
ဆီ ၊ ရေ ၊ လေ ၊ ၀ိုင် မဟုတ်ဘူး ဆင် ၊ ရေ ၊ မီး ၊ ၀ိုင်း
လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ် ၊ ကျားနဲ့ခြင်္သေ့ လယ်ပြင်မှာတွေ့
မြင်တတ်ရင် ဆင်ကပ်မယ် ၊ ဆင်သွားတော့လမ်းတကယ်ဖြစ်တယ် ၊
အကျည်းတန်မှန်ကြိုက်တဲ့ ၊ မှန်ကြည့်ရင်း မှန်ထဲမှာ နကိုင်းလေးများ ပါလေမလားပေါ့ ၊
ဆင်သွားလို့ဖြစ်တဲ့လမ်းဘေး ခြင်္သေ့တစ်ကောင် ဆင်းမယ်ဆရာ ၊
ဟိုး ... ကားရပ်မှဆင်း ... ဆွဲ ။ ။

ဗသားချော



9 Comments:

စိုင်းလောဝ်ပိန်း said...

ခြင်္သေ့ဖမ်းတယ်တဲ့လားဗျ။ ဟုတ်တယ်နော်။ :)
ကဗျာရေးဟန်လေး မိုက်တယ်။

သက်ထွန်းညိမ်း said...

ဝိုးးးးးးးးးး ဗသားချောရေ
နိပ်သဟ ...

ဆောင်းယွန်းလ said...

သွားသွားလာလာ တွန်းတွန်းတိုက်တိုက်တဲ့...
ကဗျာလေးကိုကြိုက်သွားပြီ ညီလေးရေ

Unknown said...

အကျည်းတန်မှန်ကြိုက်တဲ့ ၊ မှန်ကြည့်ရင်း မှန်ထဲမှာ နကိုင်းလေးများ ပါလေမလားပေါ့ ၊
ဆင်သွားလို့ဖြစ်တဲ့လမ်းဘေး ခြင်္သေ့တစ်ကောင် ဆင်းမယ်ဆရာ ၊

တွေးတတ်လိုက်တာနော်

Unknown said...

ဆင်သွားလို့ဖြစ်တဲ့လမ်းဘေး ခြင်္သေ့တစ်ကောင် ဆင်းမယ်ဆရာ ၊
ဟိုး ... ကားရပ်မှဆင်း ... ဆွဲ ။ ။


ထပ်လာဖတ်တယ်နော်

ဇောင်း said...

ကဗျာကို ဖတ်ရင်း ရန်ကုန်ရောက်တုန်းက လိုင်းကားစီးခဲ့တာ ကို သွားသတိရမိတယ်ဗျာ
ကားရပ်မှဆင်းလို့ပြောပီး ဆွဲ လို့ ပြောလိုက်တော့ နဖူးမပေါက်တာ ကံကောင်း၏ :D

:::ZaunG:::

မီးမီးဂျူး ( မေခင် ) said...

ခံစားပါတယ်
ဖတ်သွားပါတယ်

Unknown said...

အကိုရေ...တွန်းတိုက်သွားလာနေရပြီထင်ပ
ကဗျာလေး...ကြိုက်တယ်ဗျာ...။

Kaung Kin Ko said...

ကဗျာလေး မိုက်တယ်ဗျို့ ။

 
©2009 က+ဗျာ+လှည်း | by TNB