မဇ္ဇ



မဇ္ဇ

အတွေးဝင်ရင် ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် မရှိ
ငပျင်းကြီးလိုပဲ ခွေခေါက်လူးလှိမ့်
ဆယ်စုနှစ် နှစ်စုကျော် ကြည့်ခဲ့တဲ့မှန်ကို
အခုမှကြည့်ရင်း မလုံမလဲပြုံး
တစ်ယောက်တည်း လျှောက်ရင်း တမ်းတမ်းတတရွတ်
ဝမ်းသာအားရ လက်ခံ ပွေ့ပိုက်ခဲ့မိတဲ့
မဇ္ဇ ။

တပ်မက်ခြင်းက လူကို ပူလောင်စေသတဲ့
တရားအမှန်က သမ္မာဝါစာ ဖြစ်ပေမယ့်
ကိုယ့်ကိုယ်ကိုလည်း ကျားမကန်နိုင်သေးတော့
ငတ်မပြေ မက်မပြေ တက်နေရသေးတာပေါ့
မဇ္ဇ။

တစ်ဘက်ပိတ်ကနေ နှစ်ဘက်ပွင့်
အသေးအနုပ်တွေကလည်း ပြဲ့  ပြဲ့ ထင်ထင်
စာသက်သက် သိခဲ့ဖူးတဲ့ စကားလုံးတွေကလည်း
ရင်ကြားထဲအထိ စိမ့်ပျော်ဝင်နှံ့
မဇ္ဇ ။

အသည်းကွဲ သီချင်းဆို နားမထောင်ဘူး
ရုပ်ရှင်ကြည့်ရင်း မှိုင်တတ် ငိုင်တတ်နေပြီ
ဘယ့်ကလောက် အထိ ပါးပြီး နုနေသလဲဆိုတော့
ဆပ်ပြာပူဖောင်းလေးလို
လေထဲတောင် ရဲရဲမပျံရဲ ( မလွှတ်လိုက်ပါနဲ့ဦး )
မဇ္ဇ။

ကိုယ့်လူ (ရိုးမြင့်အောင်) ရေ ...
ကျုပ်တို့ ရောဂါ ကျွမ်းနေကြပေါ့ ။ ။

ဗသားချော

4 Comments:

စိုင်းလောဝ်ပိန်း said...

ရောဂါကျွမ်းပုံလေး သဘောကျတယ်။ :D

ဆောင်းယွန်းလ said...

ရောဂါကျွမ်းနေကြတဲ့ မဇ္ဖကိုလာကြည့်သွားတယ် ညီလေးရေ

Unknown said...

အချိန်မီချုပ် အစုတ်သက်သာတဲ့...
အကိုရေ...ကုစားချိန်မရတော့ဘူးလားဗျို့ ....။:P

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

 
©2009 က+ဗျာ+လှည်း | by TNB