ကျွန်တော်နဲ့ ... ကျွန်တော့်ရဲ့  .... ကျွန်တော့် ကစားပွဲ




ဟိုဘက်က တားလိုက်
ဒီဘက်က ဆီးလိုက်နဲ့
ဟောဒီကြမ္မာကြီးထဲ
ကိုယ့်ကိုယ်ကို မပိုင်သေးတာထက်
ညည်းကို မနိုင်သေးတာခက်တယ် ။

ကြမ္မာဝိုင်းကြီး ဘူလိုက်ပုံကတော့
ဆွဲသမျှ ကုလားဖဲချည်းပဲ
ဘ၀ သုံးပုံတစ်ပုံစာ ကစားခဲ့တာ
တစ်ခါမှ အိမ်မပြည့်ဖူးဘူး ။

မုဆိုးမလုပ်ချင်ပါဘူးဆိုမှ
နေထွက်က နေ၀င်
ခြင်္သေ့လိုက်ဖမ်းနေရတာနဲ့ပဲ အချိန်ကုန်
ဘ၀ရယ် ...
သူများအသားလေးမှ မပါရင်
စားလို့ မ၀င်ချင်ဘူးဆိုတော့လည်း ခက်သား ။

ညည်းက ဂျိုကာပါ
ဒါပေမယ့် ငါမဒေါင်းနိုင်သေးဘူး
ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ကြမ္မာ
ချာချာလည်နေရတာ
ကိုယ့်အမြီးကိုယ်ပြန်လှည့်ကိုက်ပြီး
ပတ်ချာလည်နေတဲ့ ခွေးလေးလို
ရယ်စရာလည်း အကောင်းသား ။

ပစ်ဖဲကိုမျှော်
ဆွဲဖဲနဲ့ ရင်ခုန်ပြီး
ဘေးနဲ့နံ အံကျအောင် လှည့်ပတ်နေရတယ် ။

လောလောဆယ်တော့
ညည်းကို တအားလွမ်းတယ်
အဲဒါအောက်ရှိ အကုန်ပဲ ။ ။

ဗသားချော

2 Comments:

ဆောင်းယွန်းလ said...

ကဗျာက ရသမြောက်ပါပေ့..ကြိုက်တယ်ညီလေးရေ..

မောင်နွေသစ် said...

လောလောဆယ်တော့
ညည်းကိုတအားလွမ်းတယ်
အဲဒါအောက်ရှိ အကုန်ပဲ...

ဒါကုန်ရင်
ဖျာပုံပြန်မယ်ပေါ့နော်...
ကိုကြီးရေ..........
ကဗျာလေးကောင်းတယ်ဗျာ

 
©2009 က+ဗျာ+လှည်း | by TNB