ငါးတွေရေးတဲ့ကဗျာ

>>>Image Link<<<


ငါ့ကိုပြက်ရယ်ပြုဖို့
ငွေ့ရည်ဖွဲ့ခဲ့သလားကွယ်
ရွာချဖို့ နေရာလပ်မရှိ...။

အစကတော့
မိုးရွာရင် ရေချိုးပြန်မလို့ပါပဲ
မိုးကခေါင်နိုင်လွန်းတော့
ငါးတွေပဲ တစ်ထမ်းတစ်ပိုးရခဲ့တယ်...။

ရွာမယ်ဆို သဲလိုက်စမ်းပါ
လွန်းဆွဲရင်း မော့ကြည့်ရတဲ့အဖြစ်က
နှလုံးသားမှာ အသားမာတွေအထင်းသား...။

ဘယ်ဘက်ရင်အုံနား
မိုးခေါင်တာကြာခဲ့ပေါ့
မမကျော့ရေ...
ကျွန်တော့်မှာ ငါးတွေ တစ်ပုံတစ်ပင်နဲ့...။


ရိုးမြင့်အောင်

6 Comments:

အနှိုင်းမဲ့ said...

ဟုတ်ပနော်..ဘယ်ဘက်ရင်အုံနား
မိုးခေါင်တာ ကြာခဲ့ပေါ့.......။

ကဗျာလေးကောင်းတယ်..လှည်းကလေးရေ။

Kyaw Nyo Thway said...

တော်သေးတာပေါ့ မမမြင့် မဟုတ်လို့ :)

လင်းဒီပ said...

ဘယ်ဘက်ရင်အုံကြီးက မိုးကိုမျှော်တာ
ငါးကလေးတွေက မိုးကိုမျှော်တာ
မမကျော့ရေ ရွာပါဗျာ..
ဒီမှာ အလွမ်းတွေ ပပ်ကြားအက်နေလို့...။

စိုင်းလောဝ်ပိန်း said...

မကြာခင် မိုးရွာပါစေဗျာ။
လွမ်းရင် ငါတွေ ကင်စားဗျ။ :P

Unknown said...

ဒီတခါလာရင် ငါးဟင်းချက်ကျွေးပါ :P
လိုတော့ပါဘူး တင်းထား လေးလလောက် :)

Unknown said...

ကင်တဲ့ပြီး...ဘော်ဒကာလေးနဲ့ ဖြစ်ဖြစ်...
ဗျစ်ရည်လေးနဲ့ ဖြစ်ဖြစ်.............။

 
©2009 က+ဗျာ+လှည်း | by TNB