အဆင်မပြေလည်း အဆင်ပြေသလိုပေါ့

ဒီလိုနဲ့ ညဟာ ချောက်ကမ်းပါးထဲ ခြေချော်ကျတယ်
နက်လို့ နက်မှန်းမသိ ၊ နပ်လို့ နပ်မှန်းမသိ ၊ နတ်လို့ နတ်မှန်းမသိ
အတင်းပြေးမဆွဲနဲ့ မတော်ခြေချော်လဲရင် နတ်တွေပြောပါတယ်
အဝေးကနေပြောတော့ အဝေးစကား အနားနားကပ်ပြောပါ့လား
မကြားချင်ယောင်ဆောင်ရင်သာရမယ် မကြားလို့မရတော့ဘူး
ရှေ့တစ်လှမ်းတိုးမှာလား ရှေ့တစ်လှမ်းဆုတ်မှာလား
နောက် တစ်လှမ်းဆုတ်မှာလား နောက်တစ်လှမ်းတိုးမှာလား
အမှောင်ထဲကို ရုတ်တရက်တိုးဝင်တော့ မျက်စိကျိမ်းတယ်( အလင်းထဲက လာသူ)
အလင်းထဲကို ရုတ်တရက် တိုးထွက်လိုက်တယ် ဒါလဲမျက်စိကျိမ်းတာပဲ ( အမှောင်ထဲက လာသူ)
သပွတ်အူလိုပဲ လည်သမျှ၊ လွယ်သမျှ လွယ် လည်လို့မွတ်လို့
ပြန်မရတော့ဘူး သိနေတဲ့အသိမှာ ရုတ်တရက် နာကျင်မှုက ၀င်စိုက်တယ်
ပူနွေးသွားတယ်ဆိုတဲ့ ပါးတစ်ဖက်ကနေ နောက်ပါးတစ်ဖက်စီ မျက်ရည်ပေါင်းကူး
သွေးထဲမှာ မလိုအပ်တော့တဲ့ နမိုးနီးယားတွေ စုနေလို့
ရုပ်ရည်သွင်ပြင် လက္ခဏာ၊ ရုပ်အစု လို့ ဆိုကြပါစို့ ဘယ်လိုများပြင်ဆင်ကြဦးမလဲ နာရီ
လှုပ်ရင် လှုပ်တယ်၊ ထိရင် ထိတယ်၊ မာရင် မာတယ်၊ ပျော့ရင် ပျော့တယ်၊ သိရင် သိတယ် မှတ်
ဓါတ်ကြီး(၄)ပါး
စိတ်မှာ အကာအကွယ်ရနေရင် ရုပ်အစုကြီးသေတယ် မှတ်
ဒီလိုနဲ့ ညဟာ ချောက်ကမ်းပါးထဲ ခြေချော်ကျတယ် ။

3 Comments:

Maung Myo said...

ဒီနေရာလေးမှာ အစ်ကိုရဲ့ ကဗျာတွေ ပြန်ဖတ်ရတော့မယ်ဆိုလို့ ၀မ်းသာပါ့ ထပ်မျှော်နေမယ် အစ်ကို ။

Unknown said...

ကိုတင့်ရေ လာဖတ်သွားတယ် ကောင်းသောနေ့ပါ :)

Unknown said...

အား...!!!!!!!!!!
ချောက်ကမ်းပါးထဲတော့ မဟုတ်ဘူး အကိုရေ
ချိုင့်ခွက်ထဲ ခြေချော်ကျတာ ...။ :P

 
©2009 က+ဗျာ+လှည်း | by TNB